သတ္တသတ္တာဟ မဟာဗောဒိ စေတီတော် (ဗုဒ္ဓဂါယာ) နေပြည်တော်

ဗုဒ္ဓဂါယာရှိ မဟာဗောဒိစေတီတော်၏ ပုံစံတူတည်ထားကိုးကွယ်သော သတ္တသတ္တာဟ မဟာဗောဒိစေတီတော်သည် ပုပ္ပသီရှိမြို့နယ် ဥဒယရံသီကုန်းတောင်ပေါ်တွင် ကြည်ညိုဖွယ်ရာ စံမြန်းလျှက်ရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ညဏ်တော်အမြင့် ၁၆၂ ပေ မြင့်မားသော မြန်မာနိုင်ငံ၏ တစ်ဆူတည်းသော မဟာဗောဒိစေတီတော်၏ ပုံစံတူဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ မြတ်စွာဘုရားရှင်၏ ဇာတ်တော်ပန်ချီကားချပ်များ, ခုနှစ်ရက်သားသမီးတို့၏ မွေးဖွားရာ နေ့နံနှင့် ကိုယ်စားပြုရုပ်ထုများ, မရေတွက်နိုင်အောင်များပြားသော မြတ်စွာဘုရားရှင်၏ရုပ်ပွားတော်များ, ခမ်းနားထည်ဝါသော ဘာသာရေးဆိုင်ရာ အဆောက်အဦးများ အားကြည်ညိုဖွယ်ရာ ဖူးမျှော်နိုင်ပါသည်။ အမှတ်တရ ပစ္စည်းဆိုင်များကိုလည်း စေတီတော်၏အရှေ့ဖက်တွင် တွေ့မြင်နိုင်ပါသည်။ စေတီတော်သည် ကျွန်တော်တို့ Grand ACE Hotel မှ ၃၀ ကီလိုမီတာ နှင့် ကားမောင်းချိန် ၄၅ မိနစ်ခန့်သာကွာဝေးပါသည်။