Explore

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)

(၂ဝဝ၈)ခုနှစ် နိုဝင်ဘာက စတင် တည်ဆောက်ခဲ့သည့် အမျိုးသား အထိမ်းအမှတ် ဥယာဉ်ကို (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာအနီး၌၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင်စတင် ဖွင့်လှစ်ခဲ့ပါသည်။ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်သည်

ကျောက်မျက်ပြတိုက်

ခမ်းနားလှပသော နေပြည်တော် ကျောက်မျက်ရတနာပြတိုက်သည် ဇမ္ဗူသီရီမြို့နယ်တွင် တည်ရှိပါသည်။ ကြီးမားကျယ်ဝန်းသော ပြတိုက်ကြီးအား လှပထည်ဝါသော ခေတ်မှီအသုံးအဆောင်များနှင့် ထည့်သွင်းတည်ဆောက်ထားပြီး ပြတိုက်အတွင်း၌ ရှားပါးမြန်မာ့တွင်းထွက်ရတနာများဖြစ်သော ပတ္တမြား, နီလာ အရည်အသွေးမြင့် ကျောက်စိမ်းတုံးများ မြန်မာ့အကြီးဆုံးပုလဲရတနာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာများစွာအား ခင်ကျင်းပြသထားပါသည်။ အပတ်စဉ်

သတ္တသတ္တာဟ မဟာဗောဒိ စေတီတော် (ဗုဒ္ဓဂါယာ) နေပြည်တော်

ဗုဒ္ဓဂါယာရှိ မဟာဗောဒိစေတီတော်၏ ပုံစံတူတည်ထားကိုးကွယ်သော သတ္တသတ္တာဟ မဟာဗောဒိစေတီတော်သည် ပုပ္ပသီရှိမြို့နယ် ဥဒယရံသီကုန်းတောင်ပေါ်တွင် ကြည်ညိုဖွယ်ရာ စံမြန်းလျှက်ရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ညဏ်တော်အမြင့် ၁၆၂ ပေ မြင့်မားသော မြန်မာနိုင်ငံ၏ တစ်ဆူတည်းသော မဟာဗောဒိစေတီတော်၏ ပုံစံတူဖြစ်ပါသည်။

တိရစ္ဆာန်ဥယာဉ် နေပြည်တော်

အရှေ့တောင်အာရှတွင် အကြီးမားဆုံးဖြစ်သော နေပြည်တော် တိရစ္ဆာန်ဥယာဉ်သည် ရန်ကုန်မြို့၏ မြောက်ဖက် မိုင်250ခန့် ကွာဝေးပြီး ရန်ကုန်-မန်းတလေး အမြန်လမ်းမကြီးဘေးတွင် တည်ရှိပါသည်။ နေပြည်တော် တိရစ္ဆာန်ဥယာဉ်ကို ၂၀၀၈ ခုနှစ် မတ်လ၂၆ရက်နေ့တွင် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၄၂၀ကျော်, ယာယီမဏ္ဍပ်ကြီး၂၇ ခုဖြင့်

ရေပန်း ဥယာဉ်

ကြီးမားကျယ်ဝန်း၍ သာယာလှပသော နေပြည်တော် ရေပန်းဥယာဉ်ကြီးအား  အများပြည်သူများ စိတ်အေးချမ်းသာစွာအပန်းဖြေ အနားယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဧက ၂၀၀ ကျော် ကျယ်ဝန်းပြီး အတွင်းပိုင်းဖွဲ့စည်းပုံအရ ရေပန်းကြီးသုံးခုတပ်ဆင်ထားသော ပင်မရေကန်ကြီးတစ်ခု,ပုံစံမတူညီသော ရေပန်း၁၃ ခုတပ်ဆင်ထားသောရေကန်ငယ်

ဥပ္ပါတသန္တိစေတီတော်

နေပြည်တော်၏ ငြိမ်းချမ်းရေး သင်္ကတ အဖြစ်ရည်ညွှန်းသော ဥာဏ်တော် ၃၂၅ ပေမြင့်မားသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား  နေပြည်တော် ပုဗ္ဗသီရိမြို့ရှိ ဥပ္ပါတသန္တိကုန်းတော်ပေါ်တွင် ရွှေတိဂုံစေတီတော်နှင့် ဥာဏ်တော်အမြင့် တစ်ပေသာ ကွာခြား၍ ပုံစံတူတည်ထား ကိုးကွယ်ထားရှိပါသည်။ ကြီးမားကျယ်ဝင်းလှသော စေတီတော် ပရ၀ဏ်