ဥပ္ပါတသန္တိစေတီတော်

နေပြည်တော်၏ ငြိမ်းချမ်းရေး သင်္ကတ အဖြစ်ရည်ညွှန်းသော ဥာဏ်တော် ၃၂၅ ပေမြင့်မားသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား  နေပြည်တော် ပုဗ္ဗသီရိမြို့ရှိ ဥပ္ပါတသန္တိကုန်းတော်ပေါ်တွင် ရွှေတိဂုံစေတီတော်နှင့် ဥာဏ်တော်အမြင့် တစ်ပေသာ ကွာခြား၍ ပုံစံတူတည်ထား ကိုးကွယ်ထားရှိပါသည်။ ကြီးမားကျယ်ဝင်းလှသော စေတီတော် ပရ၀ဏ် အတွင်း၌ ဗုဒ္စ္စဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ မြတ်စွာဘုရားရှင်၏ ဇာတ်တော်ပန်ချီကားချပ်များ, ခုနှစ်ရက်သားသမီးတို့၏ မွေးဖွားရာနေ့နံနှင့် ကိုယ်စားပြု ရုပ်ထုများ, ခမ်းနားထည်ဝါသော ဘာသာရေးဆိုင်ရာ အဆောက်အဦးများအား ကြည်ညိုဖွယ်ရာ ဖူးမျှော်နိုင်ပါသည်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး သည် ကျွန်တော်တို့ Grand ACE Hotel မှ ၉ ကီလိုမီတာ နှင့် ကားမောင်းချိန် ၁၅ မိနစ်ခန့်သာကွာဝေးပါသည်။